Wednesday 15 June 2011

ရှေ့ဟောင်းဘုရားဦးခေါင်းတော်






ဦးခေါင်းတော် တည်ရှိရာနေရာနှင့် သံဓာတ်ကြွယ်ဝရာ နေရာကို ရောင်စဉ်များဖြင့် ခွဲခြားကာ နှိုင်းယှဉ်ဖော်ပြထားပုံ

အေဒီ ၁၀၀၁ ခုနှစ်က တည်ထားကိုးကွယ်ခဲ့ပြီး ဗိသုကာလက်ရာ များတွင် စံထားရသည့် ပုဂံအာနန္ဒာ ဘုရားအနောက်ဘက်တွင် တည်ထားသည့် ပဉ္စလောဟာဖြင့် သွန်းလုပ်ထားသော ငါးပေအချင်းရှိသည့် ရှေးဟောင်းဘုရား ဦးခေါင်းတော်ကြီး မြှုပ်နှံထားသည့်နေရာကို အာနန္ဒာ ဘုရား အရှေ့ဘက်ခြမ်းတွင် ရှာဖွေ တွေ့ရှိထားကြောင်း Global9 Education Centre မှ သိရှိရပါသည်။

“အာနန္ဒာဘုရားရဲ့ အနောက် ဘက်ခြမ်းမှာရှိတဲ့ရှေးဟောင်းဘုရား ရဲ့ဦးခေါင်းတော်က မြေအောက်မှာ မြှုပ်နှံထားတာ နှစ်ပေါင်း ၃၀၀ လောက် ကြာမြင့်ခဲ့ပါပြီ။ အဲဒီဘုရား ကို သက်ဆိုင်ရာ ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်း သုတေသနဌာနက ထိန်းသိမ်းဖို့အတွက် တူးဖော်ရှာဖွေ မှု ပြုခဲ့ပါတယ်။ ဒါပေမယ့် ရှာဖွေ မတွေ့ရှိခဲ့ပါဘူး။ အခုမှ ကျွန်မတို့ သင်တန်းကျောင်းက High Tech remote Sensing Methods များနဲ့ ရှာဖွေတဲ့အခါမှာ အရှေ့ဘက်ခြမ်းမှာ ဘုရားဦးခေါင်းတော်ရှိတဲ့ တွင်းငါးတွင်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အာနန္ဒာဘုရားရဲ့ Remote Spectrum မတူညီတာကို တွေ့ရပါတယ်။ ဘုရားရဲ့အနောက်တောင်နဲ့ တောင်ဘက်မှာ သံသတ္တုကြွယ်ဝနေတဲ့ အုတ်ဖုတ်ရာနေရာ မတူညီမှုကိုလည်း တွေ့ခဲ့ရတယ်။ အဲဒီတွေ့ရှိချက်အရ Spectrum တွေမှာ ထူးထူးခြားခြာှးု Iron Oxide များစွာ ပါဝင်နေတာ တွေ့ရှိရတဲ့အတွက် ဘုရားတည်ဆောက်တုန်းက ဒေသနှစ်ခုကနေ အုတ်ဖုတ် လုပ်တယ်ဆိုတာကို တွေ့ရတယ်” ဟု Global 9 Education Centre ဘူမိဗေဒသင်တန်းကျောင်း မှ ဆရာမဖြူမာက ပြောကြားသည်။

ဘုရားဦးခေါင်းတော် မြှုပ်နှံထားသည့် တွင်းငါးတွင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘုရားဦးခေါင်းတော်ရှိမည့် တွင်းကို သဲနမူနာယူကာ စမ်းသပ်စစ်ဆေးခြင်းဖြင့် အတည်ပြုတူးဖော်နိုင်မည်ဟု သိရသည်။

“ရှေးဟောင်းဘုရား ဦးခေါင်းတော် ရှာဖွေတဲ့အခါမှာ ရှေးဟောင်း ပစ္စည်းတွေ ပျက်စီးခြင်းမရှိဘဲ လေ့လာနိုင်တဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာနဲ့ ရှာဖွေခဲ့တာပါ။ တွေ့ရှိထားတဲ့နေရာမှာ တူးဖော်မှုပြုတဲ့အခါ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ တွင်းဟောင်း နေရာကနေ သဲနမူနာကောက်ယူပြီး HighTech နည်းပညာနဲ့ နေရာကို အသေးစိတ်ကွင်းဆင်း တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်” ဟု ဆရာကြီးဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
weeklyelevenမှကူးယူပါသည်။

No comments:

Post a Comment